Announcements

Announcements

board
August 17, 2026
board
August 17, 2026

Term 1 Exam Coming Soon

double quote
မနက်ဖြန်စတင်မယ့် 𝐓𝐞𝐫𝐦 𝟏 𝐄𝐱𝐚𝐦 အတွက်
အကောင်းဆုံး ဖြေဆိုကြပါစို့! 💪💙
စာသင်နှစ်တနှစ်တာ၏ ပထမဆုံး 𝐓𝐞𝐫𝐦 𝟏 𝐄𝐱𝐚𝐦 ကို 𝟏𝟖 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟔 မှစတင် ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ 📝
စာမေးပွဲကာလအတွင်း ကျောင်းသား/သူများအနေဖြင့် မိမိတို့သင်ယူထားသမျှကို အကောင်းဆုံးပြန်လည်အသုံးချပြီး ယုံကြည်မှုရှိရှိနဲ့ ကြိုးစားဖြေဆိုကြပါစို့။
board
August 5, 2026
board
August 5, 2026

School Holiday Announcement

double quote

📢 ဥပုသ်နေ့ ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း

𝐊𝐄𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မှ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူ မိဘများနှင့် ဆရာ၊ ဆရာမများအား အသိပေးအကြောင်းကြားအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၆) ရက်၊ ကြာသပတေးနေ့ သည်  ဥပုသ်နေ့ ဖြစ်သဖြင့် ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ထားပါသည်။

ပုံမှန်စာသင်ချိန်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၇) ရက်၊ သောကြာနေ့ တွင် ပြန်လည်ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

𝐊𝐄𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥
𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐚𝐦

board
July 25, 2026
board
July 25, 2026

School Holiday Announcement

double quote


လေးစားအပ်ပါသော မိဘများရှင့်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (ဗုဒ္ဓဟူးနေ့) သည် ဝါဆိုလပြည့်နေ့ အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် 𝐊𝐄𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ကျောင်းတစ်ရက်ပိတ်မည် ဖြစ်ပါသည်။
📅 ကျောင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက် (ကြာသပတေးနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။
မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပျော်ရွှင်ချမ်းမြေ့သော အားလပ်ရက်လေး ဖြစ်ပါစေကြောင်း 𝐊𝐄𝐒 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။ 💙

board
June 23, 2026
board
June 23, 2026

KES International School Parent & Teacher Meeting Invitation👨‍🏫👩‍👩‍👧‍👦

double quote

လေးစားအပ်ပါသော မိဘများရှင့်...

ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတိုးတက်မှု၊ သင်ယူမှုအခြေအနေများ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုများနှင့် အနာဂတ်ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် KES International School မှ Parent & Teacher Meeting ကို 2 ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤအစည်းအဝေးသည် မိဘများနှင့် ဆရာ၊ ဆရာမများ အတူတကွ တွေ့ဆုံဆွေးနွေးကာ ကျောင်းသားများ၏ ပညာရေးခရီးလမ်းကို ပိုမိုထိရောက်စွာ လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ထားသော အရေးကြီးသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ၏ သင်ကြားရေးအခြေအနေ၊ စာသင်ခန်းအတွင်း စွမ်းဆောင်ရည်၊ အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် နောင်လာမည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆရာ၊ ဆရာမများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။

📅 Dates
• 25 June 2026 (Thursday)
• 26 June 2026 (Friday)

🏫 Venue
KES International School
No. 55C, Phoe Sein Road, Bahan Township, Yangon

📞 Contact: 09 405056285

ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်သော အနာဂတ်ကို ပူးပေါင်းနိုင်ရန် မိဘများအားလုံးမှ အချိန်ပေး၍ တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင်။

board
March 26, 2026
board
March 26, 2026

School Holiday Announcement

double quote

ကျောင်းပိတ်ရက်ကြေညာခြင်း 📢📢
၂၀၂၆ခုနှစ် မတ်လ ၂၇ ရက် (သောကြာနေ့) သည် တပ်မတော်နေ့ ဖြစ်သည့်အတွက် 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝟏 မှ 𝐈𝐆𝐂𝐒𝐄 အတန်းများတွင် တက်ရောက်နေကြသော ကျောင်းသူ၊ ကျောင်းသားများအားလုံး ထိုနေ့တွင် ကျောင်း (၁) ရက်ပိတ်မည်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် (တနင်္လာနေ့) တွင်ပုံမှန်အတိုင်း ပြန်လည်တက်ရောက်ရပါမည်ရှင်။

.....................................................................................

📢 𝐒𝐜𝐡𝐨𝐨𝐥 𝐇𝐨𝐥𝐢𝐝𝐚𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 📢

𝐌𝐚𝐫𝐜𝐡 𝟐𝟕, 𝟐𝟎𝟐𝟔 (𝐅𝐫𝐢𝐝𝐚𝐲) 𝐢𝐬 𝐀𝐫𝐦𝐞𝐝 𝐅𝐨𝐫𝐜𝐞𝐬 𝐃𝐚𝐲. 𝐓𝐡𝐞𝐫𝐞𝐟𝐨𝐫𝐞, 𝐚𝐥𝐥 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐚𝐭𝐭𝐞𝐧𝐝𝐢𝐧𝐠 𝐜𝐥𝐚𝐬𝐬𝐞𝐬 𝐟𝐫𝐨𝐦 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝟏 𝐭𝐨 𝐈𝐆𝐂𝐒𝐄 𝐰𝐢𝐥𝐥 𝐡𝐚𝐯𝐞 𝐨𝐧𝐞 𝐝𝐚𝐲 𝐨𝐟𝐟 𝐟𝐫𝐨𝐦 𝐬𝐜𝐡𝐨𝐨𝐥 𝐨𝐧 𝐭𝐡𝐚𝐭 𝐝𝐚𝐲.

𝐂𝐥𝐚𝐬𝐬𝐞𝐬 𝐰𝐢𝐥𝐥 𝐫𝐞𝐬𝐮𝐦𝐞 𝐚𝐬 𝐧𝐨𝐫𝐦𝐚𝐥 𝐨𝐧 𝐌𝐚𝐫𝐜𝐡 𝟑𝟎, 𝟐𝟎𝟐𝟔 (𝐌𝐨𝐧𝐝𝐚𝐲).