News & Activities

News & ActivitiesKES International School Parent & Teacher Meeting Invitation👨‍🏫👩‍👩‍👧‍👦

KES International School Parent & Teacher Meeting Invitation👨‍🏫👩‍👩‍👧‍👦

Icon June 23, 2026
Icon New & Activities

လေးစားအပ်ပါသော မိဘများရှင့်...

ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတိုးတက်မှု၊ သင်ယူမှုအခြေအနေများ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုများနှင့် အနာဂတ်ရည်မှန်းချက်များကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် KES International School မှ Parent & Teacher Meeting ကို 2 ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဤအစည်းအဝေးသည် မိဘများနှင့် ဆရာ၊ ဆရာမများ အတူတကွ တွေ့ဆုံဆွေးနွေးကာ ကျောင်းသားများ၏ ပညာရေးခရီးလမ်းကို ပိုမိုထိရောက်စွာ လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ထားသော အရေးကြီးသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။

မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ၏ သင်ကြားရေးအခြေအနေ၊ စာသင်ခန်းအတွင်း စွမ်းဆောင်ရည်၊ အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် နောင်လာမည့် ပညာရေးအစီအစဉ်များအကြောင်းကို ဆရာ၊ ဆရာမများနှင့် တိုက်ရိုက်ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။

📅 Dates
• 25 June 2026 (Thursday)
• 26 June 2026 (Friday)

🏫 Venue
KES International School
No. 55C, Phoe Sein Road, Bahan Township, Yangon

📞 Contact: 09 405056285

ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်သော အနာဂတ်ကို ပူးပေါင်းနိုင်ရန် မိဘများအားလုံးမှ အချိန်ပေး၍ တက်ရောက်ပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင်။